xm:lab

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

ObscuraCam

Installing ObscuraCam

ObscuraCam အား ထည့်သွင်းခြင်း

There are several ways of installing ObscuraCam. If you are used to installing Android Apps from the Google Play store then this is possible to do with ObscuraCam. However, if you are concerned about being tracked you may wish to install ObscuraCam directly from the website of the makers, the Guardian Project.

To continue, you will need to be connected to the Internet via wifi or a data connection.

ObscuraCam အား ထည့်သွင်းတပ်ဆင်ရန် နည်းလမ်းများစွာရှိပါသည်။ အန်းဒရွိုက် apps များအား Google Play မှ ရယူထည့်သွင်းလေ့ရှိပါက ObscuraCam ကို ၄င်းနေရာမှရယူနိုင်ပါသည်။ သို့သော် ထိုသို့ရယူခြင်းကြောင့် ခြေရာခံလိုက်ခံရနိုင်ခြင်းအတွက် ပူပန်မှုရှိပါက ObscuraCam ကို ဖန်တီးထားသော Guardian Project ၏ ၀ဘ်ဆိုဒ်တွင်လည်း ဒေါင်းလုဒ်ရယူနိုင်ပါသည်။ ဆက်လက်လုပ်ဆောင်ရန်အတွက် ၀ိုင်ဖိုင် သို့မဟုတ် data connection ကိုသုံးပြီး အင်တာနက်ချိတ်ဆက်ရန်လိုပါသည်။

Installing directly from the Guardian Project

Guardian Project မှ တိုက်ရယူ ထည့်သွင်းခြင်း

Before you can install an app in the following way you will need to adjust the security settings on your device to Allow installation of apps from unknown sources.

အပလီကေးရှင်းအား မထည့်သွင်းမှီ မိမိစက်အတွင်းရှိ လုံခြုံရေးဆက်တင် တွင် Allow installation of apps from unknown sources  ကို အမှန်ခြစ်ပေးခြင်းဖြင့် ပြင်ဆင်ပြောင်းလဲပေးရမည်ဖြစ်သည်။

 

While it is great to have an alternative to Google Play and to be able to install apps directly to our devices, it is important to know that there are risks to installing apps from untrusted sources. Make sure you either use Google Play, a trusted source like the f-droid project OR the website of the developers. Don't download apps (apk files) from just anywhere on the web.

မိမိတို့၏စက်များအတွင်းသို့ apps များကို တိုက်ရိုက်ဒေါင်းလုပ်ထည့်သွင်းနိုင်သော ဂူဂဲပလေးကဲ့သို့ အခြားရွေးချယ်စရာတခု ရှိနေသည်မှာအဆင်ပြေလှသော်လည်း စိတ်ချယုံကြည်နိုင်လောက်သည့် ရင်းမြစ်နေရာများမှ မဟုတ်သည့် အပလီကေးရှင်းများကို ထည့်သွင်းတပ်ဆင်အသုံးပြုခြင်းသည် အန္တရာရှိကြောင်း သိရှိထားရန်အရေးကြီးပါသည်။ ထို့ကြောင့် Google play၊ F-droid နှင့် ဖန်တီးထုတ်လုပ်ထားသူများ၏ ၀ဘ်ဆိုဒ် စသည့် စိတ်ချယုံကြည်ရသည့် ၀ဘ်ဆိုဒ်များကိုသာ အသုံးပြုကြရန်နှင့် တွေ့ကရာ ၀က်ဘ်ဆိုဒ်များမှ apps (apk ဖိုင်များ) များကို ဒေါင်းလုပ်ရယူခြင်းများ မပြုမိပါစေနှင့်။

To install directly from the Guardian Project point the web browser of your Android device to http://guardianproject.info.

Guardian Project မှ တိုက်ရိုက် ရယူနိုင်ရန် မိမိအန်းဒရွိုက်ရှိ ၀ဘ်ဘရောက်ဇာတွင် http://guardianproject.info ဟုရိုက်ထည့်၍ရှာပါ။

Click on the Download Apps link. This takes you to a page where you can find out more about the apps offered by the Guardian Project and lists a few different ways of installing them. Scroll down the page until you see the details for ObscuraCam and click on the Direct Download (.apk) link.

ထို့နောက် ရရှိလာမည့်စာမျက်နှာရှိ Download Apps ကို ကလစ်နှိပ်ပါ။ ထိုသို့ကလစ်နှိပ်ခြင်းအားဖြင့် Guardian Project မှ ပေးထားသော အခြား apps များနှင့် ထည့်သွင်းတပ်ဆင်ပုံနည်းလမ်းအချို့ကို ဖော်ပြပေးထားသည့် စာမျက်နှာသို့ရောက်ရှိသွားမည်ဖြစ်ပြီး၊ ၄င်းစာမျက်နှာကို ObscuraCam နှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များကို ဖော်ပြပေးထားသည့် နေရာရောက်သည်အထိဆွဲချပြီးနောက် Direct Download (.apk)  ဆိုသည့် လင့်ခ်ကို ကလစ်နှိပ်ပါ

  

When you have clicked on the link you should get a notification on your navigation bar that you are downloading a file.

ဖော်ပြထားသည့်လင့်ခ်ကို ရွေးချယ်ပြီးပြီဆိုပါက လမ်းညွှန်ဘားတန်း (navication bar) တွင် ဒေါင်းလုပ်ရယူနေပြီဖြစ်ကြောင်း မျှားဇောက်ထိုးပုံအချက်ပြမှုကိုတွေ့ရှိရမည်ဖြစ်သည်။


 

When this disappears your download should have completed and you can click this area of the screen to see your downloaded file. 

ထို့နောက် ၄င်းအချက်ပြပုံကလေး ပျောက်ကွယ်သွားသောအခါ ဒေါင်းလုပ်ရယူခြင်းပြီးဆုံးပြီဖြစ်ပြီး၊ ရယူထားပြီးဖြစ်သော ဒေါင်းလုဒ်ဖိုင်ကိုတွေ့နိုင်ရန် အန်းဒရွိုက်မျက်နှာပြင်ပေါ်ရှိ ၄င်း အချက်ပြမှုဖော်ပြရာ ဧရိယာတစ်ဝိုက်အား နှိပ်လိုက်ပါ။

 

If the above technique doesn't work for you then you should be able to find the file in your Download file by using the file manager on your Android device.

အထက်ဖော်ပြပါနည်းလမ်းအတိုင်းအဆင်မပြေပါက မိမိအန်းဒရွိုက်၏ ဖိုင်မန်နေဂျာ (File manager)ရှိ ဒေါင်းလုပ်ဖိုဒါ (folder) တွင်ရှာဖွေနိုင်သည်။

 
 

Using either of the ways above, click on the name of the downloaded .apk file, in this case to start the installation process. You will be given a choice on how to install the application. Select Package installer and click on Just once.

အထက်ဖော်ပြပါနည်း တနည်းနည်းကိုအသုံးပြုပြီး ဒေါင်းလုပ်ရယူထားသော (.apk) ပါသည့်ဖိုင် (ObscuraCam ဆိုသောဖိုင်) ကို မိမိစက်တွင်ထည့်သွင်းတပ်ဆင်ရန် ရွေးချယ်ပေးပါ။ ထည့်သွင်းတပ်ဆင်ခြင်း (installation) ကို မည်သည့်နည်းလမ်းဖြင့်ပြုလုပ်မည်ဆိုသည် ကို မေးလာမည်။ ထိုအခါ Package installer ကို ရွေးချယ်ပြီး၊ Just once ကို ကလစ်နှိပ်ပေးပါ။

You are then shown the permissions that ObscuraCam application needs to run on your device. You should allow this by selection Install

ထို့နောက် မိမိ၏စက် ထဲတွင် ObscuraCam အပလီကေးရှင်းကို ထည့်သွင်းနိုင်ရန်လိုအပ်သော ခွင့်ပြုချက်တောင်းခံသည်ကို ဖော်ပြပေးလာမည်ဖြစ်ပြီး၊ ထိုသို့ခွင့်ပြုရန်အတွက် Install ကိုရွေးချယ်ပေးပါ။

Then click Open when you are done and Accept to the terms of service when you are happy with them.

You are now ready to use ObscuraCam on your device.

ထို့နောက် Open ကို ကလစ်နှိပ် ဆားဗစ်ကို အသုံးပြုရာတွင်လိုက်နာရမည့်အချက်များ (terms of service) ကို Accept လုပ်ပေးပါ။ ထိုသို့ပြုလုပ်ပြီးပြီဆိုပါက မိမိစက်တွင် ObscuraCam ကို အသုံးပြုနိုင်ပြီဖြစ်သည်။

Installing ObscuraCam from Google Play

ObscuraCam ကို Google Play ရယူထည့်သွင်းခြင်း

Start Google Play by clicking on the Play icon or the Shop icon on your android device.

မိမိ အန်းဒရွိက်မှ Play Store (သို့) Shop အိုင်ကွန် ကိုနှိပ် ဂူဂဲလ် ပလေး ကို ရယူပါ။

 

In the top bar, you should then be able to see a search icon that looks like a magnifying glass.

ထိုအခါ အပေါ်ရှိဘားတန်းပေါ်တွင် မှန်ဘီးလူးပုံစံ ရှာဖွေရေးအိုင်ကွန်ပုံလေးကို တွေ့ရမည်ဖြစ်ပါသည်။


In the top left corner of the screen you should see a flashing cursor allowing you to type a search term to search the Google Play store.

လက်ယာဘက်ထိပ်တွင် Google play စတိုးတွင် ရှာဖွေရန် မိမိရှာဖွေလိုသောအရာနှင့် ပတ်သက်သည့် စကားလုံးများကိုရေးရန် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မျှားလေးကိုတွေ့ရမည်ဖြစ်သည်။

Type in "ObscuraCam".

၎င်းရှာဖွေရေးဘားတန်းတွင် ObscuraCam ဟုရိုက်ထည့်လိုက်ပါ။


To search click on the search icon.

မှန်ဘီလူးပုံရှာဖွေရေးအိုင်ကွန်ကို ကလစ်နှိပ်ပေးပါ။

 

The application you want in the list shown is called "ObscuraCam". Click on the panel to see information on the application. You will also see the option to INSTALL.

မိမိလိုအပ်သော ဆော့ဝဲ အပလီကေးရှင်းသည် “ObscuraCam” ဖြစ်ပြီး ၄င်းနှင့်ပတ်သတ်သော အချက်အလက်များကိုသိရှိနိုင်ရန် အတွက် ကလစ်နှိပ်ရမည်ဖြစ်သည်။ ထို့ပြင် တပ်ဆင်နိုင်ရန်အတွက် Install ဆိုသည်ကိုပါ တွေ့ရမည်ဖြစ်သည်။


Click on the INSTALL option and follow the instructions. You will need to agree to allow ObscuraCam access to storage. This is normal and you should accept to be able to use the application.

ထို့နောက် INSTALL ကို ကလစ်နှပ်ရမည်ဖြစ်ပြီး ညွှန်ကြားထားသော ညွှန်ကြားချက်များ အတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။ မိမိအနေဖြင့် ObscuraCam အား မိမိဖုန်း၏ storage ကို အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။ ထိုသို့ခွင့်ပြုပေးရခြင်းမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး အသုံးပြုနိုင်ရန် လက်ခံခွင့်ပြုပေးရမည်ဖြစ်သည်။

You are now ready to use ObscuraCam on your device.

ထိုသို့ပြုလုပ်ပြီးပြီဆိုပါက မိမိစက်တွင် ObscuraCam ကို အသုံးပြုနိုင်ပြီဖြစ်သည်။ 

 

ထိုသို့ပြုလုပ်ပြီးပြီဆိုပါက မိမိစက်တွင် ObscuraCam ကို အသုံးပြုနိုင်ပြီဖြစ်သည်။ 

ထိုသို့ပြုလုပ်ပြီးပြီဆိုပါက မိမိစက်တွင် ObscuraCam ကို အသုံးပြုနိုင်ပြီဖြစ်သည်။ 

ထိုသို့ပြုလုပ်ပြီးပြီဆိုပါက မိမိစက်တွင် ObscuraCam ကို အသုံးပြုနိုင်ပြီဖြစ်သည်။ 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.