xm:lab

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

ObscuraCam

More Information on Guardian Project

Guardian Project နှင့်ပတ်သတ်သော အခြားသတင်းအချက်အလက်များ

၁၉၄၈ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေငြာချက် အစည်းအဝေးမှ ခေတ်သစ်တစ်ခုစတင်ခဲ့သည်။ လက်ဘနွန်လူမျိုး ကျောင်းသား Charles Habib Malik သည် ထိုအစည်းအဝေးနှင့်ပတ်သတ် ၍ အောက်ပါအတိုင်းဖော်ပြခဲ့သည်။ 

Other apps from the Guardian Project

Guardian Project ၏ အခြား အပလီကေးရှင်း (Application) များ

There are many other apps available from the creators of ObscuraCam. Many of them are designed to improve the security of the use of your phone.

ObscuraCam ကို ဖန်တီးသူများက ထုတ်လုပ်ထားသော အခြား ရယူအသုံးပြုနိုင်သော ဆော့ဝဲလ် များစွာရှိပါသည်။ ထို ဆော့ဝဲလ်အတော်များများကို မိမိဖုန်းအသုံးပြုရာလုံခြုံစွာအသုံးပြုနိုင်ရန် ပုံစံပြုထုတ်လုပ်ထားသည်။

Gibberbot, Orbot, Orweb provide other ways of communicating more securely via your Android device. They give you options for using encryption during live chat, web browsing and generally connecting to the Internet.

၎င်းတို့ထုတ်လုပ်ထားသော Gibberbot၊ Orbot၊ နှင့် Orweb တို့သည် အန်းဒရွိုက်ကိရိယာများမှတဆင့် ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ရာတွင်  အခြား လုပ်ဆောင်နိုင်သည်များကို ပံ့ပိုးပေးပါသည်။ ထိုဆော့ဝဲလ်များက live chat၊ web browsing နှင့် အင်တာနက်ချိတ်ဆက်ဆောင်ရွက်မှုများကို encryption ဖြင့် အသုံးပြုနိုင်ရန် ပံ့ပိုးပေးပါသည်။

Details and tutorials on these apps are available at the Guardian Project's website. https://guardianproject.info/apps/
https://guardianproject.info/apps/tutorials/

ထို အပလီကေးရှင်းများ၏ အသေးစိတ်အချက်အလက်များနှင့် လက်တွေ့ဆောင်ရွက်မှုများကို Guardian Project ၏ ၀ဘ်ဆိုဒ် တွင် လေ့လာနိုင်ရန်ဖော်ပြထားပါသည်။

 https://guardianproject.info/apps/
https://guardianproject.info/apps/tutorials/

InformaCam

အင်ဖိုမာကမ် ကင်မရာ

While ObscuraCam aims to subtract information from images, including metadata of images taken, InformaCam does the opposite by making sure that accurate and verifiably metadata is taken along with images and video. The thinking behind this is to make sure that footage can be used in courts with good authority.

ObscuraCam ကို ရိုက်ယူထားသော ပုံများ၏ metadata များအပါအ၀င် ပုံများမှ အချက်အလက်များ ကို ထုတ်နှုတ်ပယ်ဖျက်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားပြီး၊ InformaCam သည် ၄င်း၏ ဆန့်ကျင်ဖက်ဖြစ်သည်။ ၄င်းက ပုံများနှင့် ရုပ်သံများ ရိုက်ယူရာတွင် ပိုမိုတိကျပြီး မှန်ကန်မှုရှိမရှိစစ်ဆေးနိုင်သော metadata များ ရရှိအောင် ရိုက်ယူနိုင်ရန် ဆောင်ရွက်ပေးသည်။ တရားရုံးများတွင် ရုပ်သံဖိုင်များကို ခိုင်ခိုင်မာမာတင်ပြနိုင်ရန် စဉ်းစားဖန်တီးထားခြင်းလဲ ဖြစ်သည်။

According to WITNESS' Bryan Nunez, ObscuraCam is part of a larger app suite called SecureSmartCam, a “suite of mobile media apps designed for activists, journalists, and citizen witnesses. The other app in the suite is InformaCam, which adds an array of smartphone sensor data (GPS, network information, etc.) to the video and images captured. The idea is that this information could be important in cases where the pictures and videos shot with the smartphone are used as legal evidence.”

Witness အဖွဲ့မှ Bryan Nunez ပြောပြချက်အရ ObscuraCam သည် SecureSmartCam ဟုခေါ်သော ဆော့ဝဲလ်အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၄င်းအစီအစဉ်မှာ တက်ကြွလှုပ်ရှားသူများ ဂျာနယ်လစ်များနှင့် ပြည်သူ့သက်သေ များအတွက် ရည်ရွယ်ထုတ်လုပ်ထားသော မိုဘိုင်းမီဒီယာဆော့ဝဲလ်အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်တွင်ပါဝင်သော အခြား အပလီကေးရှင်းတခုမှာ InformaCam ဖြစ်ပြီး၊ ၄င်းက စမတ်ဖုန်းများရှိ (GPS၊ Network Information စသည့်) အခြား အာရုံခံကိရိယာများ၏ ဒေတာအချက်အလက်များကို ရိုက်ကူးယူသော ရုပ်သံဖိုင်များနှင့် ရုပ်ပုံများတွင် ထည့်သွင်းပေးပါသည်။ ထို အချက်အလက်များကို ထည့်သွင်းထားရသော အဓိက ရည်ရွယ်ချက်မှာ စမတ်ဖုန်းများဖြင့်ရိုက်ကူးထားသော ပုံများနှင့် ရုပ်သံဖိုင်များ အား တရားရုံးများတွင် တရားဝင်အထောက်အထားများအဖြစ် တင်ပြအသုံးပြုတွင် အရေးပါနိုင်သောကြောင့်ဖြစ်သည်။

The importance of Open Source

Open Sourse များ၏ အရေးပါမှု

The fact that the Guardian Project code is open source (specifically Free Software) is advantageous for a number of reasons. One of the most relevant is that anyone can inspect the 'source' of the programme to see how the code works.

Guardian Project ကုဒ်များသည် open source များဖြစ်သောကြောင့် အသုံးပြုရာတွင် အကျိုးရှိလှသည့် အကြောင်းပြချက်များစွာရှိပါသည်။ အထင်ရှားဆုံး အကြောင်းပြချက်တစ်ခုမှာ မည်သူမဆို ပရိုဂရမ်၏ အရင်းအမြစ်ကုဒ် (source) များကို ၀င်ရောက်စစ်ဆေး ကြည့်ရှုနိုင်ခြင်းဖြစ်သည်။

A large amount of surveillance happens through 'backdoors' in software. This allows contractors to bypass normal security and makes spying much easier. In Open Source projects such backdoors would be viewable in the source code and identified.

များစွာသော စုံစမ်းထောက်လှမ်းစောင့်ကြည့်မှုများသည် ဆော့ဝဲလ်များ၏ ဂယ်ပေါက်များကို အသုံးချပြီး ဖြစ်လာပေါ်လာခြင်းဖြစ်သည်။ ထိုဂယ်ပေါက်များက လုံခြုံရေးလုပ်ငန်းကန် ထရိုက် များအတွက် သာမန်လုံခြုံရေးအစီအစဉ်များကို ကျော်လွားပြီး အလွယ်တကူ သူလျှိုလုပ်နိုင်ရန် ခွင့်ပြုပေးပါသည်။ သို့သော် open source များတွင် ထို ဂယ်ပေါက်များအား source code များအတွင်း ရှာဖွေ ဖော်ထုတ် ရရှိနိုင်ပါသည်။

Additionally, when choosing Open Source apps we also should check that there is a healthy community of developers and peers inspecting the work being done to check it does exactly what it should do, and most importantly nothing more than it should do.

ထို့အပြင် Open Source အပလီကေးရှင်းများအား ရွေးချယ်အသုံးပြုရာ ၄င်းတို့ကို ဖန်တီးသူများသည် ခိုင်မာအားကောင်းသည့် အစုအဖွဲ့ ဟုတ်မဟုတ်ကို စစ်ဆေးကြည့်သင့်သည်။ ထိုပြင် အပလီကေး ရှင်းများအနေဖြင့် ကောင်းစွာအလုပ်ခြင်းရှိမရှိ နှင့် ၄င်းတို့ လုပ်ဆောင်ရမည်များ ထက် ကျော်လွန် လုပ်ဆောင်နေခြင်းများမရှိစေရန်  သေချာစောင့်ကြည့်စစ်ဆေးနေသူများ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်သင့်သည်။

There are a few ways to test this. You can look the project's code home which is often at Github. Here you can see how often the project is updated and how many people are working on it and how good the documentation and help files are. You can also check the communications channels of the project to see if there is an active mailing list or IRC (chat channel).

ထိုသို့ကြည့်နိုင်ရန်လည်း နည်းလမ်းအချို့ရှိပါသည်။ ၄င်းမှာ Github တွင် ဖော်ပြလေ့ရှိသော  ပရောဂျက်ကုဒ်များ၏ မူလ (home) တွင် ကြည့်ရှုနိုင်ခြင်းဖြစ်သည်။ ထိုနေရာတွင် ပရောဂျက်အား မည်မျှကြာလျင်တခါ အဆင့်မြှင့်တင်သည်၊ လူအင်အားမည်မျှဖြင့် လုပ်ဆောင်နေသည် စသည်များကို ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် လက်ရှိအသုံးပြုနေသော mail list သို့မဟုတ် IRC (စကားပြောဆိုကြရာနေရာ) စသည့် မေးမြန်းပြောဆိုဆွေးနွေးနိုင်ရန် လမ်းကြောင်းများရှိမရှိ ဆို သည် များကိုလည်း ကြည့်ရှုရှာဖွေနိုင်ပါသည်။

There are many interesting Android and iPhone apps that may be free to download but are unfortunately no longer available or kept up to date. This situation is partly due to the high turn-over of start up companies that try out free apps but then withdraw them if they are not very successful. This is much less likely to happen to Open Source projects with a strong community.

အခမဲ့ရဒေါင်းလုဒ်ရယူနိုင်သော စိတ်ဝင်စားဖွယ်ရာ အန်းဒရွိုက် နှင့် အိုင်ဖုန်း အပလီကေးရှင်းများစွာရှိသော်လည်း ၄င်းတို့၏ update များကို ထပ်မံရယူနိုင်ခြင်းမရှိ ဖြစ်တတ်သည်။ ထိုသို့ဖြစ်ရသည်မှာ စတင်ဖန်တီးထုတ်လုပ်လိုသော ကုမ္ပဏီများအနေဖြင့် အောင်မြင်မှုမရရှိသောအခါတွင် ထပ်မံ လုပ်ဆောင်ခြင်းမရှိပဲ လုပ်ငန်းကိရပ် လိုက်ကြသောကြောင့်ဖြစ် သည်။ ခိုင်မာအားကောင်းသည့် အစုအဖွဲ့များဖြင့် ဆောင်ရွက်လုပ်ကိုင်သော Open Source ပရောဂျက်များတွင် ၄င်းအခြေ အနေမျိုးကြုံတွေ့နိုင်ရန် အလားအလာနည်းပါးသည်။

Getting involved

ပူးပေါင်းပါဝင်ခြင်း

There are many ways that you can get involved with the Guardian Project and the development of ObscuraCam. If you are a techie then you could apply to be an alpha tester.  Alpha testers are invited to test out apps before they are released - https://guardianproject.info/contact/alpha-testers-apply-here/

Guardian Project နှင့် ObscuraCam အား ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် ပါဝင်နိုင်သော နည်းလမ်းများစွာရှိပါသည်။ မိမိအနေဖြင့် နည်းပညာကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါက ဦးဆောင်စမ်းသပ်အသုံးပြုသူ (alpha tester) တစ်ယောက်ဖြစ်ရန်လျှောက်ထားနိုင်ပါသည်။ ထိုသူများကို ဆော့ဝဲလ်တခုခုအား စတင်မဖြန့်ချီမှီ စမ်းသပ်ချက် များပြုလုပ်နိုင်ရန် ဖိတ်ခေါ်လေ့ရှိသည်။ ဖော်ပြပါလင့်ခ်တွင် လျှောက်ထားနိုင်သည်။

https://guardianproject.info/contact/alpha-testers-apply-here/

There is also a page which details other ways to work with the project which is targeted more towards group and partner projects. https://guardianproject.info/home/how-you-can-work-with-us/

ထို့ပြင် ပရောဂျက်နှင့် တွဲဖက်လုပ်ဆောင်နိုင်ရန် အခြားနည်းလမ်းများကိုဖော်ပြထားသော စာမျက်နှာကိုလဲ ဖွင့်လှစ်ထားရှိပြီး၊ ၄င်းစာမျက်နှာမှာ အခြား တွဲဖက်လုပ်ဆောင်နိုင်မည့် အစုအဖွဲ့များနှင့် မိတ်ဖက် ပရောဂျက်များကို ပိုမို ဦးတည် ထားခြင်းဖြစ် သည်။

https://guardianproject.info/home/how-you-can-work-with-us/ 

Getting Help

အကူညီရယူခြင်း 

You can also contact the team via the contact page of their website.
https://guardianproject.info/contact. This page has details of their twitter account (@guardianproject) and relevant email lists for users and developers to get help.  

ဂါးဒီယန်းပရောဂျက်ဝက်ဆိုဒ်ရှိ ဆက်သွယ်ရန်စာမျက်နှာမှတဆင့်လဲ အဖွဲ့အား ဆက်သွယ်နိုင်ပါသည်။ ၄င်းစာမျက်နှာပေါ်တွင် အဖွဲ့၏ တွီတာအကောင့်လိပ်စာနှင့် အသုံးပြုသူများနှင့် ဖန်တီးထုတ် လုပ်သူ များအတွက် အကူအညီများရယူနိုင်ရန် အီးမေးလ်လိပ်စာများကို အသေးစိတ်ဖော်ပြပေးထားပါသည်။

Another way of getting help is probably via the chat client called IRC. You can find many of the team and supporters there in the network irc.freenode.net  channel #guardianproject.

အကူအညီရယူနိုင်ရန် အခြားနည်းလမ်းတခုမှာ အိုင်အာစီ (IRC) ဟုခေါ်သော စကားပြောဆိုဆွေးနွေး ရာ (chat client) မှတဆင့် ရယူနိုင်ခြင်းဖြစ်သည်။ ပရောဂျက်အဖွဲ့ဝင်များ နှင့် ထောက်ခံအားပေးသူများ အား  irc.freenode.net ပေါ်တွင် အကူညီတောင်းခံနိုင်ရန် တွေ့ဆုံနိုင်သည်။

 

 

There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.