xm:lab

 English |  Español |  Français |  Italiano |  Português |  Русский |  Shqip

ObscuraCam

Obscuring Photos

ပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်း

To start the process of taking and obscuring photos start the ObscuraCam app on your Android device.

ပုံများရိုက်ယူခြင်းနှင့် ၄င်းပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်း စတင်ပြုလုပ်နိုင်ရန် မိမိအန်းဒရွိုက်အတွင်းရှိ ObscuraCam ကို ဖွင့်လိုက်ပါ။

After installing you should find an icon to start ObscuraCam in one of your applications pages.

ObscuraCam ကို ထည့်သွင်းထားပြီးဖြစ်သောကြောင့် မိမိ၏ အပလီကေးရှင်းများရှိရာ စာမျက်နှာပေါ်တွင် ObscuraCam ၏ အိုင်ကွန်ကိုတွေ့မြင်ရမည်ဖြစ်သည်။

 

Select/ touch the icon to start.

အိုင်ကွန်အား နှိပ်၍ရွေးချယ်လိုက်ပါ။

Obscuring a new picture

ပုံအသစ်တစ်ပုံအား မှုန်ဝါးအောင်ပြုလုပ်ခြင်း

To take a picture using the inbuilt camera of your device start the app and select New Picture.

ပုံအသစ်တစ်ပုံရိုက်ယူရန်အတွက် မိမိစက်တွင်ပါသော ကင်မရာကို ဖွင့်ပြီး New Picture ကိုရွေးချယ်ပေးပါ။

You should see the default layout of your camera phone's app with some slight alterations.

ထိုအခါ အနည်းငယ်အပြောင်းအလဲ ဖြစ်ပေါ်နေမည့် မိမိဖုန်း ကင်မရာဆော့ဝဲလ်၏ default အဆင်အပြင်ကိုတွေ့မြင်ရမည်ဖြစ်သည်။

For this device you click on the round button to take a photo.

ထို့နောက် ပုံရိုက်ယူရန် ခလုတ် (အ၀ါ) အလုံးလေးအား ကလစ်နှိပ်ရမည်ဖြစ်သည်။

If have a different device you may have to click on an icon of a camera or something similar. 

When you have taken a photo you may be presented with different options. For some devices You can click on the tick at the top to start obscuring the photo.

မိမိ၏ စက်မှာ (အန်းဒရွိုက်မဟုတ်ပဲ) အခြားအမျိုးအစားတခုခုဖြစ်ခဲ့ပါက ကင်မရာအိုင်ကွန် သို့မဟုတ် ၄င်းနှင့်အလားသာန်တူ တခုခုကို ကလစ်နှိပ်ရမည်ဖြစ်ပြီး၊ ပုံရိုက်ယူသည့်အခါတွင် (အန်းဒရွိုက်များနှင့်) မတူကွဲပြားသည့် options များကိုတွေ့ရကောင်းတွေ့ရနိုင်သည်။ သို့သော် အချို့စက်များအတွက်မူ အပေါ်ဘက်ထိပ်တွင်ရှိသော အမှန်ခြစ်သင်္ကေတ ကိုရွေးချယ်ပေးခြင်းဖြင့် ပုံများကို မှုန်ဝါးအောင်စတင်ပြုလုပ်နိုင်ပါသည်။

 

You can click on the middle icon to retry and take another photo. You can click on the X to return to ObscuraCam main main menu.

အလယ်တွင်ရှိနေသည့် မျှားခေါင်းလေးပါသော စက်ဝိုင်းပုံအိုင်ကွန်ကို ပြန်လည်ပြုလုပ်ရန် (retry) နှင့် နောက်ထပ်ပုံများရိုက်ယူရန် အတွက် အသုံးပြုနိုင်ပြီး၊ ကြက်ခြေခတ်ပုံအိုင်ကွန်အား ObscuraCam ၏ အဓိက Main Menu သို့ ပြန်လည်သွားရောက်နိုင်ရန် ကလစ်နှိပ်ရမည်ဖြစ်သည်။

Other devices may give you an option to Save or Discard your photo.

အခြားစက်အမျိုးအစားများတွင် Save သို့မဟုတ် Disgard စသည်ဖြင့် ဖော်ပြပေးပါလိမ့်မည်။


The next stages of the process of obscuring your new photo is exactly the same as for working with existing photos, so read on to find out how to do it.

ပုံသစ်များကို မှုန်ဝါးသွားအောင် ပြုလုပ်ခြင်းလုပ်ငန်းစဉ်၏ နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များသည် စက်အတွင်း ရှိနေပြီးဖြစ်သောပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မည်သို့ပြုလုပ်ရမည်ဆိုသည်ကို ဆက်လက်ဖတ်ရှုပေးပါ။

Obscuring an existing photo

ရှိပြီးသားပုံများကို မှုန်ဝါးအောင်ပြုလုပ်ခြင်း

Let's take the situation where you want to obscure a photo that you already have on your device. Start the app as before and select the option to Obscure Photo.

မိမိစက်ထဲတွင်ရှိနေသော ပုံတစ်ပုံကို မှုန်ဝါးသွားအောင်ပြုလုပ်ဖို့ အခြေအနေမျိုးကြုံကြိုက်လာခဲ့ပြီဆိုပါက ထုံးစံအတိုင်း အက်ပလီကေးရှင်းအား ဖွင့်ပြီး Obscure Photo ကိုရွေးချယ်ပေးပါ။

You should see a list of the different places on your device that have photos stored in them.

ထိုသို့ရွေးချယ်ပြီးပါက မိမိစက်အတွင်းရှိ ပုံများကိုသိမ်းဆည်းထားသည့်  နေရာများအား ဖော်ပြပေးလာမည်ကို တွေ့ရပါမည်။


Browse until you see the photo you want to obscure. This may be a photo you have already taken on your device or another one that has been sent to you via email, web, twitter or other means.

ထို့နောက် မိမိ မှုန်ဝါးအောင်ပြုလုပ်လိုသော ပုံကိုတွေ့သည်အထိ ရှာကြည့်ရပါမည်။ ထိုပုံသည် မိမိစက်ဖြင့်ရိုက်ယူထားသည့်ပုံ သို့မဟုတ် အီးမေးလ်၊ အင်တာနက်၊ တွီတာ(twitter) နှင့် အခြားပုံစံတမျိုးမျိုးဖြင့် ပေးပို့ထားသော ပုံလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

Obscuring faces and other areas

မျက်နှာများနှင့် အခြား ဧရိယာများအား မှုန်ဝါးအောင်ပြုလုပ်ခြင်း

When you have selected your photo it will open up in ObscuraCam and immediately it will try to detect the faces in the photo.

မိမိပြုလုပ်လိုသောပုံကို ရွေးချယ်ပြီးသည်နှင့် ၄င်းပုံကို ObscuraCam ထဲတွင် ဖွင့်ပေးမည်ဖြစ်ပြီး၊ ObscuraCam က ပုံတွင်ပါသော မျက်နှားများကို ချက်ခြင်းဆိုသလို ဖျက်ပေးမည်ဖြစ်သည်။

Depending on the photo it will detect all or some of the faces.

ပုံအပေါ်မူတည် ၄င်းက မျက်နှာများအားလုံး သို့မဟုတ် မျက်နှာတချို့ကို ဖျက်ပေးမည်ဖြစ်သည်။

In this case of this example, all faces were detected automatically and set to do the default pixelation to obscure facial details.

ဥပမာ ဖော်ပြပေးထားသောပုံတွင် မျက်နှာများ အားလုံးကို အလိုအလျှောက် ဖျက်ပေးကာ မျက်နှာပြင်ရှိအသေးစိတ်အသွင်သာန်များကို မှုန်ဝါးသွားအောင် အစက်အပြောက် များဖြစ် ပေါ်စေခြင်းဖြင့် ကာကွယ်ပေးသည်ကိုတွေ့ရမည်ဖြစ်သည်။


If we are happy with the areas tagged we can continue. If not, read on to see the section about adding more tags manually.

မိမိတို့အနေဖြင့် မှုန်ဝါးအောင်ပြုလုပ်ဖို့ရန် ဘောင်ကွပ်ဖော်ပြထားသော ဧရိယာများ နှစ်သက်လက်ခံသည်ဆိုပါက ဆက်လက် လုပ်ဆောင်သွားရုံသာဖြစ်ပြီး၊ သို့မဟုတ်ခဲ့ပါက မိမိဖာသာ လိုအပ်သည့်ဧရိယာများကို ထပ်မံဘောင်ကွပ် ထည့်သွင်းခြင်း အကြောင်းကို   ဖော်ပြထား သည့် အပိုင်းကို ဆက်လက်ဖတ်ရှုရန်လိုပါသည်။

We can now save the obscured image by clicking on the icon of the disc.

ယခု မိမိတို့အနေဖြင့် မှုန်ဝါးအောင်ပြုလုပ်ထားပြီးသောပုံကို သိမ်းဆည်းရန် disc ပုံအိုင်ကွန်ကို ကလစ်နှိပ်နိုင်ပြီဖြစ်သည်။

You should see notification message saying you are saving your new image to the Gallery on your device.

ထို့နောက် ပုံအသစ်အား မိမိစက်ထဲရှိ ဓါတ်ပုံပြခန်း (Gallery) ထဲတွင်သိမ်းဆည်းနေပြီဖြစ်ကြောင်း အသိပေးချက်ကို တွေ့မြင်ရမည်ဖြစ်ပြီး၊ 


You should also get the option to delete the original file.

မူရင်းဖိုင်ကို ဖျက်ပြစ်လိုက ဖျက်နိုင်ရန် options ကို တွေ့ရှိရမည်ဖြစ်သည်။

This is a chance to make a decision about if the original file is too risky to keep on your device.

အခွင့်အရေးသည် မိမိစက်အတွင်း မူရင်းဖိုင်ကို သိမ်းဆည်းရန် အလွန်အန္တရာယ်ရှိပါက (ဆက်လက်ထားရှိ/မရှိဆိုသည်ကို) ဆုံးဖြတ်နိုင်ရန် အခွင့်အရေးလည်းဖြစ်သည်။

Adding and configuring more Tags manually to the photo

ပုံများကို မိမိဘာသာ Tags များ ထပ်ထည့်ခြင်းနှင့် ဖွဲ့စည်းပြင်ဆင်လုပ်ဆောင်ခြင်း

We may want to pixelate another part of the photo or another faces that were missed by the automatic facial detection process. We can also delete tagged areas so that they are unpixelated or obscured in a different way.

မိမိတို့အနေဖြင့် ပုံ၏အခြားအစိတ်အပိုင်းများ သို့မဟုတ် အလိုအလျှောက်ဖျက်ပေးသည့် လုပ်ငန်းစဉ်တွင် မပါဝင်ပဲကျန်ရစ်ခဲ့သော မျက်နှာများအား အစက်အပျောက်များဖြင့် ဖုံးအုပ်လိုကောင်း လိုပါလိမ့်မည်။ ဘောင်ကွပ်ပေးထားသော ဧရိယာများကို အစက်အပြောက်များပြန်လည်ဖယ်ရှားခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုဖြင့် မှုန်ဝါးသွားအောင်ပြုလုပ်နိုင်ရန် ဖျက်နိုင်ပါသေးသည်။

In the following photo only one of the faces has been recognised and the area selected it a bit big.

အောက်တွင်ဖော်ပြထားသောပုံတွင် မျက်နှာများထဲမှ တစ်ခုကိုသာ မှတ်သားရွေးချယ်ထားပြီး၊ ရွေးချယ်ထားသော ဧရိယာသည် အတော်အတန်ကြီးမားနေပါသည်။


To alter the size of a tagged area you can touch and slide the corner of the selected area.

ထို့ကြောင့် ထိုဘောင်ကွပ်ထားသော ဧရိယာ၏ အရွယ်အစားကို ပြုပြင်ပြောင်းလဲရန် ၄င်းကို ထိတို့ရွေးချယ်ပြီး ဘောင်၏ထောင့်နားမှ ဆွဲယူ၍ချုံ့ပေးရမည်ဖြစ်သည်။

For example to make this area smaller touch and slide the corners together.

ဥပမာအနေဖြင့် ထိုဘောင်ကွပ်ထားသော ဧရိယာကို သေးငယ်သွားစေရန် ထောင့်များကို ထိတို့ရွေးချယ်ပြီး အတွင်းသို့ ဆွဲချုံ့ယူရမည်ဖြစ်သည်။

You can also touch the middle of the selected area and slide it to move it with our resizing it.

သို့မဟုတ်ပါက ၄င်း ဧရိယာ၏ အလယ်ကို ထိတို့ရွေးချယ်ပြီး ၄င်းကို ဆွဲချုံ့ယူ အရွယ်အစားပြန်လည် ပြုပြင်နိုင်ပါသေးသည်။

Creating a new tagged area

ဘောင်ကွပ်ထားသော ဧရိယာအသစ်များ ဖန်တီးခြင်း

To create a new obscured area simply touch the area you want to obscure.

This will create quite a large tagged area which you can move or resize as you wish.

မှုန်ဝါးအောင်ပြုလုပ်လိုသော ဧရိယာအသစ်များ ဖန်တီးပြုလုပ်ရန် မိမိ ပြုလုပ်လိုသော ဧရိယာကို ထိတို့ရွေးချယ်ပေးလိုက်ရုံသာဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အရွယ်အစားကြီးမားသော  ဘောင် ကွပ်ထားသည့် ဧရိယာတစ်ခုကို ဖန်တီးပေးမည်ဖြစ်ပြီး၊ မိမိလိုအပ်သလို အရွယ်အစားပြန်လည် သတ်မှတ်ပေးရမည်ဖြစ်သည်။


When you have selected an area if you touch it again you get the option to delete the area. This can be handy if you create new areas by mistake. To do this select the Clear Tag options

ဧရိယာတစ်ခုကို ရွေးချယ်ထားပြီး ၄င်းဧရိယာကို ထပ်မံထိတို့ရွေးချယ်လိုက်ပါက ထိုဧရိယာအား ဖျက်ပစ်နိုင်ရန် option ကိုရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဧရိယာအသစ်များကို မှားယွင်း ဖန်တီးမိပါက Clear Tag  option ကိုရွေးချယ်ပေးခြင်းဖြင့်  အလွယ်ကူပြန်ဖျက်နိုင်ပါသည်။

 

Zooming in with the zoom tool makes it easier to select some of the smaller faces in your photos. Zooming is also a good way of checking if faces that are small still need to be blurred.

Zoom tool ဖြင့် ချဲ့ယူကြည့်ခြင်းဖြင့် ပုံထဲတွင် သေးငယ်နေသော မျက်နှာများကို အလွယ်တကူ ရွေးချယ်ခြင်းပြုလုပ်ခွင့်ကို ရရှိနိုင်စေပါသည်။ ထိုသို့ ချဲ့ယူကြည့်ခြင်းသည် ပုံထဲတွင် သေးငယ်နေသော်လည်း မှုန်ဝါးပေးရန်လိုအပ်သော မျက်နှာများကို စစ်ဆေးရှာဖွေကြည့်နိုင်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

 

You can repeat the process until all the faces you need are obscured and then Save your photo in the normal way.

ထို့ကြောင့် မိမိ လိုအပ်သည့်မျက်နှာများအားလုံးကို မှုန်ဝါးအောင်ပြုလုပ်ပြီးသည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ထပ်တလဲလဲ ပြုလုပ်နိုင်ပါသည်။ ထို့နောက် မိမိ၏ပုံအား ပုံမှန်နည်းလမ်းအတိုင်း Save ကိုရွေးချယ်ပြီး သိမ်းဆည်းပါ။

 

If you want to check what the photo will look like before saving it, then you can touch the Preview icon.

ထို့ပြင် ပုံကို မသိမ်းဆည်းမှီ မည်သို့သောပုံစံရှိမည်ဆိုသည်ကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ထိုသို့ စစ်ဆေးကြည့်ရှုရန် Preview (မျက်လုံးပုံ) အိုင်ကွန်ကို ထိတို့ရွေးချယ်ပေးပါမည်။

 

Other options for obscuring

မှုန်ဝါးအောင်ပြုလုပ်ရန်အခြား ရွေးချယ်လုပ်ဆောင်နိုင်သည်များ

When you touch each of the areas to obscure there are different options for obscuring.

ဧရိယာတစ်ခုခြင်းစီကို မှုန်ဝါးသွားအောင်ပြုလုပ်ရန် ရွေးချယ်လိုက်သည့် အခါတိုင်းတွင် အခြား ရွေးချယ်စရာ options များကိုလည်း တွေ့ရှိရမည်ဖြစ်သည်

 

The default option we have been using is Pixelate. You can see other options here. This includes Redact which replaces the tagged area with a black square. 

မိမိတို့ အသုံးပြုလျက်ရှိသော မူလရွေးချယ်မှုပေးထားမှု (default options) မှာ အစက်အပြောက် (Pixelate) များဖြစ်ပြီး နေရာ အခြား ရွေးချယ်နိုင်သည်များ ရှိသေးသည်ကို တွေ့နိုင်မည်ဖြစ်သည်။ ထိုအခြားရွေးချယ်မှုများထဲပါဝင်သည့် Redact ဆိုသည့် options သည် ဘောင်ကွပ်ရွေးချယ် ထားသောနေရာအား  အမဲရောင်စတုရန်းပုံဖြင့် အစားထိုးဖုံးအုပ်ပေးမည်ဖြစ်သည်။

CrowdPixel reverses the area to be pixelated and so it pixelates everything outside the box and keeps the area inside clearly visible.

CrowdPixel သည် ရွေးချယ်ဘောင်ကွပ်ထားသောဗောက်စ် အပြင်ရှိ အရာအားလုံးကို အစက်အပြောက်များဖြင့်ဖုံးအုပ်ပေးပြီး ထိုဘောင်ကွပ်ထားသော ဧရိယာအတွင်းကိုတော့ ရှင်းလင်းပြတ်သားစွာ ဖော်ပြပေးမည်ဖြစ်သည်။ ထိုကြောင့် CrowdPixel သည်  အစက်အပြောက်များ ထည့်သွင်းမည့် ဧရိယာကို ပြောင်းပြန်ပြုလုပ်ပေးမည်ဖြစ်သည်။

Mask puts a mask over the top of faces. This may help to keep the photo light-hearted but may not be appropriate for serious subjects.

Mask သည် မျက်နှာပြင်အပေါ်ပိုင်းကို မျက်နှာဖုံးများ ထပ်ဆင်ပေးခြင်းဖြင့် ဖျက်ပေးမည်ဖြစ်သည်။ သို့သော် ၄င်းကို ပေါ့ပေါ့ပါးပါး ကိစ္စရပ်များအတွက်သာ ပြုလုပ်သင့်သော်လည်း အရေးကြီးသော အကြောင်းအရာများကို တင်ပြသည့်အခါများအတွက်မူ အသုံးပြုရန်မသင့်တော်ပေ။


There has been error in communication with Booktype server. Not sure right now where is the problem.

You should refresh this page.